Installation Posted On Sep 14 2023

ဘက်ထရီအမျိုးအစား

MF battery (ပြုပြင်ထိန်းသိမ်းရန်မလိုသော ဘက်ထရီ)
• ခဲ ကယ်လ်စီယမ်(CA / CA) နှင့် သံဖြူတို့ကိုဒြပ်စင်များနှင့်ရောနှောခါ ပေါင်းခံရည်နှင့် မြင့်မားသောသံချေးတက်ခြင်းမှ ကာကွယ်နိုင်ရန်ပြုလုပ်ထားပါသည်။
• ဘက်ထရီအား သိုလှောင်ရန်နှင့် ဘက်ထရီစွမ်းဆောင်မှုမြင့်မားစေရန် သိပ်သည်းစ Sp.gr 1.260 – 1.280 အတွင်းရှိသော ဆာဖျူရစ် အက်ဆစ်ကို အသုံးပြုထားပါသည်။
• စက်ရုံမှ 100 % အပြည့် အက်ဆစ်ဖြည့်ပေးထားကာ အားအပြည့်သွင်းပေးထားပါသည်။.ဘက်ထရီ သက်တမ်းတစ်လျှောက် ပေါင်းခံရည်(DI Water ) ထပ်မံပြည့်ပေးရန် မလိုအပ်ပါ။
• ကားကို တော်ရုံအသုံးပြုမှုများသော်လည်း ကားအင်ဂျင်ကို နှိုးနိုင်ရန် ပါဝါကို ရေရှည်အတွက် သိုလှောင်ထားနိုင်ခြင်း။

CV battery (သမားရိုးကျ ဘက်ထရီ)
• ခဲ၊ ခနောက်စိမ်း၊ စီလီယမ် တို့ဖြင့် ဘက်ထရီ အဖို အမ plate ပြားများပြုလုပ်ထားခြင်း။
• Plate ပြားများသည် စွမ်းရည်၏ ၇၀ % ခန့်အား အားအပြည့်သွင်းနိုင်သော ခြောက်သွေ့သော compressed sheet များဖြစ်သည်။ ၁၀၀ % အားအပြည့် ရစေရန် သိပ်သည်းစ Sp.gr 1.260 – 1.280 အတွင်းရှိသော ဆာဖျူရစ် အက်ဆစ်ကို ဖြည့်ပြီး ၂ – ၄ နာရီကြား အားသွင်းပေးရပါမည်။
• ပေါင်းခံရည်ဖြင့် ဘက်ထရီကို အမြဲပြုပြင်ထိန်းသိမ်း ပေးရပါမည်။
• ဝန်အားများသော ယာဥ်များအတွက် သင့်လျှော်ပါသည်။