Battery Knowledge Views: 2ဘက်ထရီဗဟုသုတ တပ်ဆင်ခြင်း ပြုပြင်ထိန်းသိမ်းခြင်း အထွေထွေ တပ်ဆင်ခြင်း Search for:Search Button Installation 14 Sep 2023 ဘက်ထရီအမျိုးအစား ကားဘက်ထရီများသည် ပျမ်းမျှသက်တမ်း 1-2 နှစ်ခန့်ရှိမည်ဖြစ်ပြီး၊ ကား၏အသုံးပြုမှုနှင့် ဘက်ထရီထိန်းသိမ်းမှု ပြုပြင်ထိန်းသိမ်းခြင်း Search for:Search Button Maintenance 21 Nov 2023 လူကြီးမင်းတို့၏ ဘက်ထရီကို ဘယ်လိုပြုပြင်ထိန်းသိမ်းမည်လဲ? -သမားရိုးကျ ဘက်ထရီ(Conventional Type) များတွင် အက်ဆစ် level ကို LOWER & UPPER Lines ကြားတွင်ရှိနေရန်ထိန်းသိမ်းထားရမည်ဖြစ်ပြီး၊ ပေါင်းခံရည် (DI Water)ကိုသာ ဖြည့်ပေးရမည်။ – မည့်သည့်အခါတွင်မျှဘက်ထရီအားလျော့စေမည့် အခြေအနေများကို ခွင့်မပြုပါနှင့်။(ဥပမာ ကားစက်သက်ထားချိန်တွင် ကားအတွင်း မီးများဖွင့်ထားခြင်း)။ – လိုအပ်လျှင် တစ်လတစ်ခါ အားပြန်သွင်းပေးပါ။ – ဘက်ထရီကို သန့်ရှင်းခြောက်သွေ့စေပြီး ညစ်ပေမှုကင်းအောင်ထိန်းသိမ်းခြင်း၊ဘက်ထရီ အဖို အမ ငုတ်များကို ချေးတက်ခြင်းမှ ကာကွယ်နိုင်ရန် သန့်ရှင်းရေးပြုလုပ်ပါ။ – ကေဘယ်လ်ကြိုးများ၊ ဘက်ထရီ အဖိုအမ ငုတ်များသိသာစွာ ပျက်စီးခြင်း သို့မဟုတ် ချိတ်ဆက်မှု လျော့နည်းနေခြင်း များကို စစ်ဆေးပါ။ Maintenance 14 Sep 2023 လူကြီးမင်းတို့၏ ဘက်ထရီအိုးကို တစ်လ တကြိမ် အားပြန်သွင်းသင့်ပါသလဲ? ကားကိုအသုံးမပြုသောအခါ,ဘက်ထရီသည် နေ့စဥ်နေ့တိုင်း အားလျော့နည်းလာပြီး တခါတရံ ၀.၅ – ၁ % အထက် အားလျော့နည်းလာပါမည်။.ရာသီဥတုပူနွေးလာလေလေ အားပိုလျော့နည်းလာမည်ဖြစ်သည်။အသုံးမပြုခြင်းကြောင့် ဆုံးရှုံးသွားရသည့် ဘက်ထရီအားကို ပြုပြင်ရန်၊အသုံးပြုမှုကြားတွင်အချိန်ကြာမြင့်စွာ အဆက်မပြက် မျှော့အားကို ထိန်းသိမ်းထားရန် လူကြီးမင်းတို့၏ ဘက်ထရီကို ဘက်ထရီ အားသွင်းကိရီယာဖြင့် ချိတ်ဆက်ကာ အားပြန်သွင်းရပါမည်။ အထွေထွေ Search for:Search Button General 21 Nov 2023 လူကြီးမင်းတို့၏ ဘက်ထရီအိုးများကို ဘယ်အချိန်မှာ အားသွင်းရန် သို့မဟုတ် အသစ်လဲ ရမလဲ ? ဘက်ထရီအား အားသွင်းရန်/အစားထိုးရန် လိုအပ်ခြင်း သို့မဟုတ် လျှပ်စစ်စနစ်စစ်ဆေးရန် လုအပ်ကြောင်း သတိပေးချက်များ: ကားစက်နှိုးရန် ရုန်းကန်နေရခြင်း။ ကား၏လျှပ်စစ်ဓာတ်အား ဆုံးရှုံးခြင်း။ ကား dashboard တွင် ဘက်ထရီ သတိပေးမီး လင်းလာခြင်း။ ကား၏ start-stop လုပ်ဆောင်ချက် အလုပ်မလုပ်တော့ခြင်း။ ဘက်ထရီသက်တမ်း ၂ နှစ်ကျော် နေပြီဖြစ်ခြင်း။ General 21 Nov 2023 SULFATION ဆိုတာလာလဲ? Sulfaction ဆိုသည်မှာဘက်ထရီplateပြားများ/ဘက်ထရီဆဲလ်များပေါ်တွင်ခဲဆာလ်ဖိတ်ပုံဆောင်ခဲများဖြစ်ပေါ်လာခြင်းနှင့် နည်းလမ်း၂မျိုးကြောင့် ဘက်ထရီအိုးပျက်စီးနိုင်သည့် ကြီးမားသောဘက်ထရီအိုးပျက်စီးရခြင်းမှတစ်ခုဖြစ်သည်။ i) အားမသွင်းဘဲအချိန်ကြာမြင့်စွာ ထားရှိသောအခါ ပုံဆောင်ခဲများကြီးထွားလာကာ sulfaction(ဆားပွင့်ခြင်း) အဖြစ်သို့ရောက်သွားခြင်း။ ii) အက်ဆစ် Level လျော့နည်းလာသောအခါ ဘက်ထရီ plate ပြားများသည် လေနှင့်ထိတွေ့၍ plate ပြားများ၏စွမ်းဆောင်ရည်လျော့ကျလာပြီး ပြင်းထန်စွာချို့ယွင်းကာ ဘက်ထရီသက်တမ်းသည် စတင်လျော့နည်းလာမည်ဖြစ်သည်။ General 21 Nov 2023 ဘက်ထရီ တစ်လုံးအတွက်ပုံမှန်အားသွင်းနှုံးဆိုတာ ဘာလဲ? သဘာဝအားဖြင့်,စွမ်းရည်အမျိုးမျိုးရှိသောဘက်ထရီများသည် မတူညီသော အားသွင်းနှုံးများလိုအပ်ပါသည်။ယေဘူယျအားဖြင့်၊ဘက်ထရီတစ်လုံးသည် ၁/၁၀ နှုံးဖြင့် နှေးကွေးသော အားသွင်းနှုံးဖြင့်သာ အားသွင်းသင့်ပါသည်။. General 21 Nov 2023 တစ်ခါတစ်ရံဘက်ထရီ သည်အဘယ့်ကြောင့် အားမဝင်တာလဲ? Views: 0ဘက်ထရီသည် အလွန်အမင်းအားမရှိတော့သည် အခြေအနေတွင်ရှိသောအခါ၊၄င်းသည် မြင့်မားသော လျှပ်စီးကြောင်း current (Amp)ဖြင့်အားသွင်းခြင်းကို လက်ခံနိုင်မှုမရှိပါ၊သို့ပေမဲ့ ဘက်ထရီplate ပြားများ၏ မျက်နှာပြင်ပေါ်တွင်သာအားသွင်းခြင်းဖြစ်ပေါနေမည်ဖြစ်သညိ။ထိုသို့သော အခြေနေမျိုးတွင် ဘက်ထရီးအား ကို နိမ့်သော လျှပ်စီးကြောင်းcurrent (Amp)ဖြင့် အချိန်ကြာအားသွင်းပေးရမည်။