ကျွန်ုပ်တို့အကြောင်း

gs-factory
gsfactory

ထိုင်းနိုင်ငံတွင် GS Battery ထုတ်လုပ်ခြင်းဖြစ်ပေါ်လာပုံ

Siam Motors ကုမ္ပဏီသည် 1960 ခုနှစ်တွင် ဂျပန်နိုင်ငံမှ GS Battery ကို ထိုင်းနိုင်ငံသို့ စတင်တင်သွင်းရောင်းချခဲ့ပါသည်။ နောက်ပိုင်းတွင် Siam GS Battery Co., Ltd ကို ထိုင်းနိုင်ငံတွင် ပြည်တွင်းစက်ရုံအဖြစ် 1970 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Japan Storage Battery Co.,Ltd မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ နည်းပညာများကို ရယူကာ Siam GS Battery Co., Ltd အနေဖြင့် GS Battery များကို ထိုင်းနိုင်ငံတွင် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါသည်။ GS Battery ၏ ထင်ရှားသော အင်္ဂါရပ်မှာ သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့်ကိုက်ညီသည့် ကုန်ကြမ်းများကိုအသုံးပြုခြင်း၊ တိကျသေချာပြီး အရည်အသွေးကောင်းမွန်သော ဘက်ထရီပလိတ်ပြားများကို အသုံးပြုခြင်းနှင့် အထူးပြုလုပ်ထားသော ဖန်ဖိုက်ဘာ ရောစပ်အသုံးပြုထားသည့် ကြားခံလျှက်ကာပစ္စည်းများကို အသုံးပြုထားခြင်းတို့ဖြစ်ပါသည်။ GS Battery ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း ကျွမ်းကျင်သော ဂျပန်အင်ဂျင်နီယာများက တင်းကြပ်စွာဖြင့် အရည်အသွေးစစ်ဆေးခြင်း၊ အရည်အသွေး ထိန်ချုပ်ခြင်းများပြုလုပ်ကာ နိုင်ငံတကာအဆင့်မှီ အရည်သွေးမြင့် GS Battery များကိုထုတ်လုပ်လျှက်ရှိပါသည်။ ၄င်းတို့၏ စဥ်ဆက်မပြက် ဖွံ့ဖြိုးတိုးတတ်မှုမျှော်မှန်းချက်နှင့်အညီ GS Battery သည် ဂျပန်နှင့် ဥရောပရှိ စက်မှုလုပ်ငန်းအားလုံးတွင် လက်ခံရရှိထားသည့် ISO 9002/QS 9000/ISO 14001 နှင့် ISO/TS 16949 တို့၏ ပထမဆုံးသော ထိုင်းဘက်ထရီထုတ်လုပ်သူဖြစ်လာခဲ့ပါသည်။ ကားများ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်မှီစွာ ထုတ်လုပ်နိုင်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး GS Battery သည် OEM စျေးကွက်၏ 60% အထိစျေးကွက်ဝေစုများနှင့်အတူ အထိရောက်ဆုံးနှင့်ယုံကြည်စိတ်ချရသော ဘက်ထရီဖြစ်လာပါသည်။ GS Battery သည် ကားထုတ်လုပ်သူအများစုဖြစ်သည့် NISSAN, TOYOTA, ISUZU, HINO, GM, MITSUBISHI, AAT (FORD-MAZDA) နှင့် YAMAHA ဆိုင်ကယ်များထံမှ ယုံကြည်မှုများစွာရရှိထားသည့် Battery Brand တစ်ခုဖြစ်ပါသည်။

1980

“GS” တည်ထောင်သူ

ဂျပန်နိုင်ငံမှာ ပထမဆုံးသော ဘက်ထရီအိုးစိုနည်းပညာကို 1980 ခုနှစ်မှာ Mr. Genzo Shimadzu ကရှာဖွေတွေ့ရှိခဲ့ပြီး '' Japan Storage Battery Co., Ltd. ကိုတည်ထောင်ခဲ့ပါသည်။

gs-history-photos-(7)
1953

“GS” ထိုင်းနိုင်ငံသို့ ရောက်ရှိလာပုံ

1953 ခုနှစ်မှာ Dr. Thaworn Phornpraphaand က Siam Motors Co., Ltd ကိုတည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံမှ GS Battery ကို တစ်ဦးတည်းကိုယ်စလှယ် အဖြစ်ရယူကာ ထိုင်းနိုင်ငံမှာ စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

gs history photos (8)
1969

Siam GS Battery တည်ထောင်ခြင်း

Siam GS Battery Co., Ltd ကို Siam Motors နှင့် Japan Storage Battery တို့ပူးပေါင်း၍ ထိုင်းနိုင်ငံနှင့် ၄င်း၏ အိမ်နီးချင်းနိုင်ငံများသို့ ဘက်ထရီများ ထုတ်လုပ် ထောက်ပံ့ရန် 1969 ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။

gs-history-photos-(6)
1995

“GS” မှ မြန်မာနိုင်ငံသို့

Siam GS Battery Co., Ltd ကို Win Future Company Limited မှတဆင့် 1995 ခုနှစ်တွင် မြန်မာနိုင်ငံမှာ စတင်ရောင်ချခဲ့ပါသည်။

gs-history-photos-(5)
2018

Siam GS Myanmar Limited တည်ထောင်ခြင်း

2018 ခုနှစ် သီလဝါ အထူးစီးပွားရေးဇုန် (TSEZ) တွင် အားသွင်းစက်ရုံနှင့် ဂိုဒေါင်များ ဆောက်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ဘက်ထရီအိုးစိုနှင့် ဘက်ထရီအိုးခြောက် နှစ်ခုလုံး၏ ဝယ်လိုအားကြီးထွားလာသည့် အခြေအနေကို ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်၍ သီလဝါ အထူးစီးပွားရေးဇုန် (TSEZ) တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

gs-history-photos-(3)
2019

ကုန်သွယ်မှုလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်း

SGSM သည် စက်ရုံတည်ဆောက်မှုနှင့် အဆောက်အဦးများ တပ်ဆင်ပြီးစီးပြီးနောက် 2019 ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။

gs-history-photos-(2)

ကမ္ဘာအဆင့်မီနည်းပညာ

Siam GS Battery Co., Ltd ကို ထိုင်းနိုင်ငံတွင် ပြည်တွင်းစက်ရုံအဖြစ် 1970 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Japan Storage Battery Co.,Ltd မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ နည်းပညာများကို ရယူကာ Siam GS Battery Co., Ltd အနေဖြင့် GS Battery များကို ထိုင်းနိုင်ငံတွင် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါသည်။
GS Battery ၏ ထင်ရှားသော အင်္ဂါရပ်မှာ သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့်ကိုက်ညီသည့် ကုန်ကြမ်းများကိုအသုံးပြုခြင်း၊ တိကျသေချာပြီး အရည်အသွေးကောင်းမွန်သော ဘက်ထရီပလိတ်ပြားများကို အသုံးပြုခြင်းနှင့် အထူးပြုလုပ်ထားသော ဖန်ဖိုက်ဘာ ရောစပ်အသုံးပြုထားသည့် ကြားခံလျှက်ကာပစ္စည်းများကို အသုံးပြုထားခြင်းတို့ဖြစ်ပါသည်။ GS Battery ထုတ်လုပ်မှုအဆင့်ဆင့်ကိုလည်း ကျွမ်းကျင်သော ဂျပန်အင်ဂျင်နီယာများက တင်းကြပ်စွာဖြင့် အရည်အသွေးစစ်ဆေးခြင်း၊ အရည်အသွေး ထိန်ချုပ်ခြင်းများပြုလုပ်ကာ နိုင်ငံတကာအဆင့်မှီ အရည်သွေးမြင့် GS Battery များကိုထုတ်လုပ်လျှက်ရှိပါသည်။ ၄င်းတို့၏ စဥ်ဆက်မပြက် ဖွံ့ဖြိုးတိုးတတ်မှုမျှော်မှန်းချက်နှင့်အညီ GS Battery သည် ဂျပန်နှင့် ဥရောပရှိ စက်မှုလုပ်ငန်းအားလုံးတွင် လက်ခံရရှိထားသည့် ISO 9002/QS 9000/ISO 14001 နှင့် ISO/TS 16949 တို့၏ ပထမဆုံးသော ထိုင်းဘက်ထရီထုတ်လုပ်သူဖြစ်လာခဲ့ပါသည်။

ကားများ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်မှီစွာ ထုတ်လုပ်နိုင်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး GS Battery သည် OEM စျေးကွက်၏ 60% အထိစျေးကွက်ဝေစုများနှင့်အတူ အထိရောက်ဆုံးနှင့်ယုံကြည်စိတ်ချရသော ဘက်ထရီဖြစ်လာပါသည်။ GS Battery သည် ကားထုတ်လုပ်သူအများစုဖြစ်သည့် NISSAN, TOYOTA, ISUZU, HINO, GM, MITSUBISHI, AAT (FORD-MAZDA) နှင့် YAMAHA ဆိုင်ကယ်များထံမှ ယုံကြည်မှုများစွာရရှိထားသည့် Battery Brand တစ်ခုဖြစ်ပါသည်။

world class img

Siam GS Battery Myanmar

Policy

The leader in the automobile battery industry

Technical Support

GS Yuasa International Ltd. Japan

Address

Lot No. BC-6, Industrial Area, Zone B, Thilawa Special Economic Zone, Yangon Region, the Republic of the Union of Myanmar. 11291

Shareholder

Siam GS Battery Co., Ltd 99.9%
GS Yuasa International 0.1%

Employee

26 Persons (As of October 2023)

Company Name

Siam GS Battery Myanmar Limited

Establish

9 January 2018

Commercial Operation

1 July 2019

Quality certified

GS Yuasa International Ltd. Japan All battery under “GS” brand has the quality standard align with GS Yuasa International Ltd. Japan